သင့်စိတ်တိုင်းကျ QR Code များကို ဖန်တီးရန်အတွက် MM QR Code Generator မှလှိုက်လှဲစွာ ကြိုဆိုပါသည်။
MM QR Code Generator သည် မြန်မာနိုင်ငံရှိ Static QR Code များကိုသာမက Dynamic QR Code များကိုပါ အလွယ်ကူဆုံး ပြုလုပ်နိုင်သည့် ပထမဦးဆုံးသော QR Code Generator Website Platform တစ်ခု ဖြစ်ပါသည်။ MM QR Code Generator Website Platform ကို Myanmar ICT Solutions Limited မှ ပြုလုပ် တည်ထောင်ထားပါသည်။
တစ်ဦးချင်းစီမှ စီးပွားရေးလုပ်ငန်းများအထိ အမျိုးမျိုးသော ရည်ရွယ်ချက်ဖြင့် လိုအပ်သော QR Code များကို လွယ်ကူစွာ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ခေတ်မီဈေးကွက်ရှာဖွေရေးနှင့် ဆက်သွယ်ရေး မဟာဗျူဟာများတွင် အရေးပါလာသည့် QR Code များကို သင်၏ သီးခြား လိုအပ်ချက်များအလိုက် ကိုက်ညီစေရန် QR Code များ၏ ဒီဇိုင်းနှင့် စိတ်ကြိုက်ပြင်ဆင်နိုင်စေမည့် ထိရောက်သော QR Code Generator Website Platform တစ်ခု ဖြစ်ပါသည်။
သင်၏ Website များ၊ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ၊ Profile များ၊ ပွဲများ၊ ပရိုမိုးရှင်းများ၊ ယဉ်ဝင်ခွင့်များ၊ ဝန်ထမ်းအချက်အလက်များ၊ စားသောက်ဆိုင် Menu များ၊ Online Shop များ စသည်တို့အပြင် အမျိုးမျိုးသော အကြောင်းအရာများအတွက် လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားပါသည်။ စနစ်များကိုလည်း ကောင်းသည် ပိုမိုကောင်မွန်အောင် အစဉ်ကြိုပမ်းလျှက်ရှိပါသည်။
သင်၏ MM QR Code Generator Website Platform ကိုရွေးချယ်သည့်အတွက် အထူးပါ ကျေးဇူးတင်ပါသည်။
အကောင့်ဖွင့်ထားရုံဖြင့် Static QR Code များကိုသာမက Dynamic QR Code တစ်ခုကိုပါ ရက်ပေါင်း ၁၈၀ တိတိ အခမဲ့ အသုံးပြုနိုင်ပါပြီ။
Dynamic QR Code များသည် တစ်ကြိမ် ပြုလုပ်ထားပြီးပါက ပါဝင်သော အကြောင်းအရာများကို အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်သော QR Code များဖြစ်ပါသည်။ ထို့ကြောင့် လိပ်စာကတ်၊ ကုမ္ပဏီ Profile စသည့် Printed များတွင် အသုံးပြုပါက ပြန်လည်အသစ်ထုတ်ရခြင်း ကဲ့သို့ အခက်အခဲများလည်း မရှိနိုင်ပါ။ ထို့အပြင် မိမိ QR Code ကို အကြိမ်ရေမည်မျှ ဖတ်ထားကြသည်၊ မည်သည့်နေရာဒေသမှဖတ်သည် နှင့် မည်သည့် Device များမှ ဖတ်ထားသည်ကိုလည်း သိရှိနိုင်ပါသည်။
QR Code ကို Scan ပြုလုပ်လိုက်ပါက မိမိရွေးခြယ်ထားသော Layout အတိုင်းတွေ့မြင်ရမည်ဖြစ်သည်။
မိမိလုပ်ငန်းနှင့် သင့်လျော်မည့် Layout Design နှင့် အရောင်တို့ကို ရွေးခြယ်အသုံးပြုနိုင်ပါသည်။
မိမိပြုလုပ်ထားသော QR Code များကိုအချိန်မရွေး အကြိမ်ရေ အကန့်အသတ်မရှိ ရယူနိုင်ပါသည်။
QR Code ၏အလယ်တွင် မိမိလုပ်ငန်း Logo ကိုထည့်သွင်းနိုင်သဖြင့် ပိုပိုဆွဲဆောင်မှုရှိပါသည်။
မိမိ QR Code အားဘယ်နှစ်ကြိမ်၊ မည်သည့်ဒေသ နှင့် မည်သည့် Device များမှ ကြည့်ရှုသည်ကို သိရှိနိုင်ပါသည်။
ယာဉ်ဝင်ခွင့်၊ အခမ်းအနားဝင်ခွင့် စသည်တို့တွင် စစ်ဆေးခြင်း အတွက် အသုံးပြုနိုင်သည့် စနစ် ပါဝင်ပါသည်။